Saturday, January 30, 2016

တဖတ်သတ်အချစ်

            တဖတ်သတ်

နင်ထွက်သွားပါတော့ ပျော်မယ်ဆိုရင်ပေါ့
ငါ့ဘဝ ငါ့အကြောင်း ပြန်တွေးကြည့်ရင်
ငါက နင်နဲ့လုံးဝ မထိုက်တန်သူပါဟာ
ငါတဖတ်သတ် ချစ်နေတာကို
မတားဆီးရင်ပဲ ငါကျေနပ်ပါပြီ
ငါ့အတွက်ကတော့
နင်ပျော်နေရင် ငါကျေနပ်တယ်
နင်စိတ်ခံစားနေရင် ငါကြေကွဲရတယ်
နင့်ချစ်သူနဲ့အဆင်မပြေဘူးလို့ 
ရင်ဖွင့်လာတော့ ငါဘယ်လို ဖြေသိမ့်ရမလဲ မသိခဲ့ဘူး
နင်ခံစားရတာထက် ငါပိုခံစားရတယ်
နင်တော့ မသိနိုင်ဘူးပေါ့
ငါနင့်ကို တဖတ်သတ်အဖြစ်နဲ့နေမိတာ
နှစ်နှစ်တောင်ပြည့်တော့မယ်
ငါနင်နဲ့ပေါက်ကရတွေပြောနေတိုင်း
ငါပျော်ရွှင်နေတယ်လို့  နင်ထင်နေလား
ငါခံစားရတာ ငါတစ်ယောက်တည်းသိတယ်
ငါ အဖြစ်ချင်ဆုံးဆန္ဒက နင့်ရဲ့ပျော်ရွှင်မှူ
ငါမျှော်လင့်တာက နင့်ဘဝလေး
ပျော်ရွှင်ပါစေပေါ့
ငါအလိုချင်ဆုံးဆုကိုတောင်းပါဆိုရင်
နင်ရဲ့စိတ်နဲ့ဆန္ဒ တစ်ထပ်တည်ကျပြီး
ထာဝရပျော်ရွှင်ပါစေလို့ ငါ့ဆုတောင်းမိမှာ
အရမ်ချစ်တယ် ဟာ…………


No comments:

Post a Comment