Wednesday, February 24, 2016

ဘားတန်းမှာစာရေးမယ် setting နောက်ခံပုံထည့်မယ်

ဘားပေါ်မှာစာရေးမယ်
setting နောက်ခံပုံထည့်မယ်
root တော့လိုတယ် နော်
ကဲ စမယ်

အရင်ဆုံးအသုံးပြုရမှာက
X posed installer appကိုပါ
အသုံးပြုနည်း ပြပေးထားပါတယ်

ဒါက ဘားတန်းပေါ်မှာစာရေးတဲ့ ဆော့ဝဲလေးပါ
သူက လွယ်ပါတယ်



xblast tools apk

ဒေါင်းရန်~~~https://my.pcloud.com/publink/show?code=XZHGe4ZfIQ0TBWz3AkvD0UuXtN0a8vUoAM7

ပုံထည့်ပြီးရင် ပြန်ထွက်ပေးပါ
x posed installer ထဲပြန်သွားပေးပါ

ထက်/အောက်  အမှတ်ခြစ်ပေးပါ
ပြီးရင် reboot ချပေးလိုက်
အာ့ဆို ရပြီ
အမှားပါရင် ခွင့်လွှတ်သည်းခံပေးပါ
ခုမှ နည်းပညာကို လေ့လာဆဲ မို့ 

                                                                            အဆင်ပြေပါစေ

Sunday, February 21, 2016

အလန်းစား apk

ဒီဆော့ဝဲလေးက ဖုန်းမှန်ပြင်ပေါ်မှာအကောင်လေးတွေ ပန်ပွင့်လေးတွေ
အမျိုးအစား စုံလင်ပါတယ်
ကိုယ်ထည့်ချင်တာကို အမှန်လေးခြစ်လိုက်ယုံပါပဲ
မိမိကြိုက်နှစ်သက်တဲ့ပုံတွေနဲ့အစားထိုးလို့ လည်းရတယ် ခင်ဗျ

လတ်ညှိုးထိုးပြထားပါတယ်
နှိပ်ပေးလိုက်ပါ

မိမိပုံကိုအစားထိုးထည့်ရန် နှိပ်ပေးပါ

တရုပ်ဆော့ဝဲမို့ အလည်က နေရာက်နှိပ်

ထက်/အောက် အနေအထား
ဘေးတိုက်အနေအထား
ကြိုက်ရာရွေးပါ
အနှေးအမြန် အလင်းအမှိန် အနှေးအမြန်ရွေးရန်
ထပ်နှိပ်ပေးပါ

လိုအပ်သလို ချိန်ယူပါတော့

ဩော်.....မေ့လို့ အမှားပါရင်
Sorry နော်
လေ့လာဆဲ ဝါသနာအိုးလေးမို့ သည်းခံပေးကြပါ

 ဒေါင်ရန်▶▶▶▶https://my.pcloud.com/publink/show?code=XZcif4Z5UroEBl0777OqkbE8leHs8r1ClyX                                

Saturday, February 20, 2016

ဖုန်းဘက်ထရီအကုန်မြန်လို့  စိတ်ညစ်နေပါသလား


ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား

ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။ 
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။
ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။

၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။ ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲ
စဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
 Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။
လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။

၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ
သာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်
အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာ
ကလွဲပြီး အခြားအကျိုးမရှိပါဘူး။

၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်း
စနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့
 အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။

၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်
ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။
 ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။

၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း
ကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင်
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)
စက္ကန့်လောက်ပဲ ထားပါ။

၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေး
ဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို
သုံးဖြုန်းပစ်မှာပါ။

၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။ သင့်ရဲ့ e-mail တွေကို မကြာခဏ
update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်
တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။

၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။ ဖုန်းလိုင်းသိပ်
မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။
ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ
Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။
၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်
ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်
ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
 ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့
Apps တစ်ခုခုသုံးနိုင်ပါတယ်
 သြော်……မေ့လို့  copy နော်

Friday, February 19, 2016

တယ်လီဖုန်းခြေရာခံခြင်းနှင့် ပက်သက်၍သိထားသင့်သော သတိပြုစရာများ


========================
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူတွေလျင်မြန်စွာ တိုးပွားလာပြီးမိုဘိုင်းလ်ဖုန်းနဲ့အင်တာနက်သုံးစွဲသူ
အရေအတွက်ကလည်း အများအပြားရှိလာပြီမို့ မိုဘိုင်းလ်ဖုန်းသုံးစွဲ
သူများသိထားသင့်သော တယ်လီဖုန်းခြေရာခံခြင်းနဲ့ 
ပတ်သက်ပြီး ဘယ်လိုမျိုးခြေရာခံတယ်၊ ကိုယ့်ကိုခြေရာခံနေတာကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

✳သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံသလဲ ?

ဒါကတော့ရိုးရှင်းပါတယ်။ သင်အသုံးပြု
နေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်သုံးခုကိုအသုံးပြုပြီး တြိဂံပုံစံကွန်ယက်အတွင်းက တည်နေရာကို တွက်ချက်တာပါ။ တြိဂံခြေရာခံနည်းစနစ်လို့ ခေါ်ပါတယ်။ လူနေထူထပ်တဲ့
မြို့ ပြလိုနေရာမျိုးမှာ (ဥပမာ - ကျွန်တော်တို့ ရန်ကုန်ပေါ့ ) ခြေရာခံမယ်
ဆိုရင် တယ်လီဖုန်းတာဝါတိုင်တွေ အများကြီးရှိတဲ့အတွက်
၁၀ ပေ ၁၅ ပေ အတွင်းအတိအကျသိနိုင်ပေမယ့်ဖုန်းတာဝါတိုင်တွေ
နည်းပါးတဲ့ ကျေးလက်ဒေသလိုနေရာမျိုးမှာတော့ပေရာဂဏန်းအထိ ကွဲလွဲနိုင်ပါတယ်။

သင်ဖုန်းလက်ခံစကားပြောတာ Messageပို့ချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ်ဆိုတာကို ကွန်ယက်မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ သတိပြုရမှာက ဒါဟာ ဖုန်းကွန်ယက်ရဲ့ လုပ်ဆောင်ချက်ပဲရှိပါသေးတယ်။ ဆိုလိုချင်တာကတော့ ဒါဟာသေသေချာချာစောင့်ကြည့်ခြေရာခံတဲ့ နည်းလမ်းတွေ မဟုတ်သေးပါဘူး။

ကွန်ယက်တိုင်းက သင့်ဖုန်းကအသံလှိုင်းကို တြိဂံနည်းစနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး) သင့်ကို
ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။
သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်
ဘယ်မှာရှိနေတယ်ဆိုတာ စဉ်ဆက်မပြတ် သတင်းပို့ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲကဓါတ်ခဲကိုထုတ်ရုံသာမက ဖုန်းကိုပါ
အိမ်မှာထားခဲ့လိုက်ပါ။

✳ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တစ်ချို့

သင်ပုံမှန်အသုံးပြုသည့် (Subscriber
Identity Module - SIM လို့ခေါ်တဲ့ ဖုန်းဆင်းမ်ကဒ်) အပြင် အခြားပြောင်းလဲ
အသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်းမ်ကဒ်တစ်ခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့ ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။
အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ်အတွင်း ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရ
အောင် ဖုန်းထဲကဓါတ်ခဲကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စနစ်လို့ခေါ်တဲ့ ဂြိုလ်တုကနေတစ်ဆင့် ခြေရာခံနိုင်သလို Triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့် တြိဂံခြေရာခံနည်းစနစ်နဲ့လည်း ခြေရာခံနိုင်ပါတယ်)
အာဏာပိုင်တွေကသင့်ကိုခြေရာခံနေတယ်
လို့ ထင်ရင်၊ စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ်ကိုသာမက ဖုန်းကိုပါစွန့် ပစ်ပါ။

✳သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်

သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်အသုံးပြုပြီး သင်ဖုန်းနဲ့ဘာတွေပြောတယ်ဆိုတာကို နားထောင်နိုင်ပါတယ်။ ဥပမာအားဖြင့် သင် သူငယ်ချင်း
တွေနဲ့ တွေ့ဆုံနေတယ်။ သင်တို့ဖုန်းတွေ ရှေ့ကစားပွဲပေါ်မှာရှိနေ
တယ်ဆိုရင် သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ်ဆိုတာ
ကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက် အဲဒီဖုန်းတွေကို သုံးနိုင်ပါတယ်။ ဖုန်းပိတ်ထားရုံနဲ့မလုံလောက်တဲ့အတွက် အဲဒီလိုစောင့်ကြည့်
နားထောင်အသံဖမ်း မှတ်တမ်းတင်တာကို ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းထဲကဓါတ်ခဲကိုထုတ်ထားဖို့ပဲ
ဖြစ်ပါတယ်။

✳သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပါတယ်

သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့်ဖော်ထုတ်သိရှိတာ ကိုကာကွယ်ချင်ရင်ဖုန်းကဒ်ပြောင်းရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းတိုင်းမှာထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီအတွက်
လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ်ပြောင်းသုံးရုံတင်မဟုတ်ပဲဖုန်းကိုပါ ပြောင်း
သုံးရမှာဖြစ်ပါတယ်။

သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်
ပါတယ်။ ဖုန်းလက်ခံစကားပြောတာပဲဖြစ်ဖြစ်၊ ကိုယ်ကဖုန်းခေါ်
တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊အင်တာနက်သုံး တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘာမှသုံးမနေပဲ အင်တာနက်နဲ့ချိတ်မိနေတာ
ပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်
ဆိုရင် ဖုန်းကဒ်အပြင် ဖုန်းနဲ့ပတ်သက်တာတွေ ကိုပါ စုံစမ်းသိရှိနိုင်ပါတယ်။

✳ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ

ဖုန်းဆင်းမ်ကဒ်ထဲမှာ ဖုန်းကဒ်ပိုင်ရှင်(သင်) နဲ့ပက်သက်တဲ့ အချက်အ
လက်တွေ သိမ်းဆည်းထားပါတယ်။ အဲဒီအချက်အလက်တွေက (ဖုန်းကဒ်ဝယ်ချိန်မှာ သင်ပေးထားတဲ့ အချက်
အလက်တွေဖြစ်ပြီး)သင့်ဖုန်းကုမ္ပဏီကသင်ဘယ်သူလဲဆိုတာကို
ခွဲခြားအသုံးပြုရာမှာ သုံးပါတယ်။

✳လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်
ထုတ်နိုင်တာလဲ

ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲဆိုတာကိုဖော်ထုတ်နိုင်တဲ့အပြင်
လက်ကိုင်ဖုန်းကလဲ သင့်ကို ဒုက္ခရောက်စေ
နိုင်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ (International Mobile Equipment
Identity-IMEI လို့ခေါ်တဲ့ နိုင်ငံတကာ လက်ကိုင်ဖုန်းခွဲခြားသိရှိရေးဆိုင်ရာ)
ထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီ နံပါတ်ကနေတဆင့် သင့်ကိုအချိန်
မရွေး ခြေရာခံလို့ရပါတယ်။

ဒါကြောင့် ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာရှင်သန်နေထိုင်နေရသော သင်ဟာ
တစ်စုံတစ်ယောက်ရဲ့ နောက်ယောင်ခံစောင့်ကြည့်လေ့လာနေခြင်းကို ခံရနိုင်
တယ်ဆိုတာကို သတိပြုပါ။
                                                copy


mail and facebook ဆိုင်ရာ

ကျွန်တော် စုထားတဲ့ facebook and mail
ဆိုင်ရာ pdf လေးတွေပါ
အသုံးလိုသူတွေအတွက်ပါ
ကြိုက်တဲ့ဟာ ဒေါင်းပါ

  ဒေါင်းရန်~~~https://my.pcloud.com/publink/show?code=kZAAh4ZwnmrtWg2aVhr5dLjrGgh3VcqExTX

ဘားပေါ်မှာစာရေးမယ် (root)မလိုပါ

ဘားပေါ်မှာ စာရေးချင်သူတွေအတွက်ပါ
root မလိုဘူးနော်
ဒါပေမယ့် iphone bar ပုံစံဖြစ်သွားတယ်
ကြိုက်ရင် အောက်မှာ Download ပေးထားတယ်
အမှားများရှိရင်လည်း သည်းခံပေးပါနော်
'

  ဒေါင်းရန်~~~https://my.pcloud.com/publink/show?code=XZIIh4Zsq5lGJdNSHkKo7Q5d3wYnBiay4MX

Wednesday, February 17, 2016

gmail psssword မေ့လျှင်ပြန်ယူနည်း

gmail psssword မေ့လျှင်ပြန်ယူနည်း

အောက်မှာ ဒေါင်းလိုက်ပါ

ဒေါင်းရန်
https://my.pcloud.com/publink/show?code=XZWNY4ZgG76io0chjX25TWeuwIC4BspoRmy

Saturday, February 13, 2016

sreen lock လှလှလေး

sreen lock လှလှလေး သုံးချင်သူတွေအတွက်
ပြုလုပ်နည်းက လွယ်လို့  မပြတော့ဘူးနော်


ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZYWJ4Zg6XEwC4lYHpBKdzEKRnbOJRLBfhy

Thursday, February 11, 2016

PDFတွေကို တစ်ရွက်ချင်း လှန်ပြီးဖတ်မယ်

စာရွက်လှန်သလိုတစ်ရွက်ချင်းလှန်ပြီး pdf တွေဖတ်ကြမယ်
ကလိတတ်ရင် အများကြီးအသုံးပြုလို့ ရပါသေးတယ် ခင်ဗျ


ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZxT04ZV37rosQGw0FEao3w12BBQfY3h5i7

ဖုန်းတစ်ခုလုံးမြန်မာထည့်မယ်

ဒေင်း
o
root ရှိယုံဖြင့် samsung နဲ့ အခြားဖုန်းတော်တော်များအသုံးပြုနိုင်ပါတယ်ခင်ဗျ
ကျွန်တော်လည်း နည်းပညာကို လေ့လာဆဲသူတစ်ယောက်မို့ 
အမှားပါရင် ခွင့်ပေးကြပါခင်ဗျ


ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZBe04Z5PH1jf1Vgh0wKnlDdhG9nV2CCVl7

Saturday, February 6, 2016

facebook အကြည် နှင့် messenger အကြည်


facebook and messenger လန်းလန်းလေးသုံးချင်သူ တို အတွက်
facebook အကြည်ရောင်

 ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZhjGLZ545tazFLl7HO4XMtWMb5x5YByqf7

messenger အကြည်ရောင်လေးပါ

ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZajGLZlycF0C9ilnLQl16LYLm16znQU9gk

Friday, February 5, 2016

facebook နှစ်ခုသုံးမယ်

facebook 2 and messenger mike
တချို့facebook version အနိမ့်တွေက
messenger mike မလိုပေမယ့်
version မြင့်သုံးသူတွေကတော့
အသုံးဝင်ပါလိမ့်မယ်ခင်ဗျ
ကျွန်တော်တင်တဲ့post မှန်သမျှ
fb / blogger  / နည်းပညာ ဆိုဒ်တွေက
ကူးယူးတင်ပြပေးထားတာပါ
လေ့လာဆဲမို့  အမှားပါရင် တောင်းပန်ပါတယ်ခင်ဗျ


    facebook version 28 .apk
           
    ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZquaLZ9UKFYTOyIFud4KLRUDg9JY17qysV

messenger mike .apk

      ဒေါင်းရန်~~~~https://my.pcloud.com/publink/show?code=XZ2faLZ3VOKjBl8weRRPoIneh5ba7OCUQ6V

                                                                                                                                               အဆင်ပြေပါစေ


Tuesday, February 2, 2016

text free နဲ့ viberလျောက်နည်းလေးပါ

လေ့လာဆဲမို့  အမှားပါရင်သည်းခံပေးပါ
ဆရာများ ကျော်သွားပေးပါ
စိတ်ဝင်စားတဲ့ bro တို့  ဒေါင်းကြပါခင်ဗျ

     ဒေါင်းရန်~~~
https://my.pcloud.com/publink/show?code=XZjVELZGmfRSl5ICARQ3TKDxsGMEfeHzcg7


pdf ဒေါင်းရန်https://my.pcloud.com/publink/show?code=XZ8DOLZCQdcIfzm9bXFRMEs6UtUw81U2YVV